ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
ဆာလံ 56:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ၏စကားတို့ကို တစ်နေ့လုံး လိုရာဆွဲ၍ မမှန်မကန်ပြောဆိုကြ၏။ သူတို့၏အကြံအစည်ရှိသမျှတို့သည် ငါ့အပေါ် ဘေးအန္တရာယ်ကျရောက်စေရန်ဖြစ်၏။ Common Language Bible ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။ Garrad Bible သူ တို့ သည်၊ နေ့ ရှိ သ မျှ ငါ့ စ ကား ကို အ လွဲ ကောက် လျက်၊ မ ကောင်း ကို သာ ကြံ စည် ကြ၏။ Judson Bible သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌မကောင်းသောအကြံကိုသာ ကြံစည်ကြ၏။ |
ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
ငါ့ကိုမုန်းသောသူအပေါင်းတို့သည် ငါ့အကြောင်းကို အတူတကွတီးတိုးပြောဆိုကြ၏။ သူတို့သည် ငါ့အပေါ်မကောင်းမှုကိုကြံစည်လျက်
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
“ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။
နှုတ်တော်ထွက်စကားတစ်စုံတစ်ခုဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။
ယေရှုကလည်း“ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ ငါသည် ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်”ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။
သူသည် အခြားစာအားလုံးထဲတွင်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ ပြောထား၏။ ထိုစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာအချို့ရှိ၏။ အသိပညာမဲ့၍ မတည်ကြည်သောသူတို့သည် အခြားသောကျမ်းများအပေါ်၌လည်းပြုသကဲ့သို့ ထိုစာ၏အနက်ကို လိုရာဆွဲ၍ မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ရောက်စေကြ၏။
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။
ရှောလုမင်းကြီးက “ငါ့သမီးကို သူနှင့်ပေးစားမည်။ သူသည် ဒါဝိဒ်အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်၍ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့လက်သို့ ရောက်ရလိမ့်မည်”ဟု အကောက်ကြံ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ယခုမှာ သင်သည် ငါ့သမက် ဖြစ်ရတော့မည်”ဟု ဒုတိယအကြိမ် ပြောပြန်၏။
ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ပို၍ပင်ကြောက်ရွံ့ကာ ဒါဝိဒ်ကို ရန်သူအဖြစ် အစဉ်အမြဲမှတ်လေ၏။
ရှောလုမင်းကြီးသည် ယောနသန်ကို သတ်ရန် လှံနှင့်ထိုးလိုက်၏။ ယောနသန်လည်း သူ့ခမည်းတော်သည် ဒါဝိဒ်ကို သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ရိပ်မိလေ၏။
မင်းကြီးက ‘ကောင်းပြီ’ဟု ဆိုလျှင် အရှင်၏အစေအပါးသည် အသက်ချမ်းသာရာရပြီ။ ထိုသို့မဟုတ်ဘဲ အမျက်ပြင်းစွာထွက်လျှင် အကျွန်ုပ်ကို မကောင်းကြံပြီးဖြစ်ကြောင်း သိပါလော့။