အို လိမ်လည်ကောက်ကျစ်သောလျှာ၊ ကိုယ်တော်သည် သင့်ကို မည်သို့ပြုမည်နည်း၊ သင့်ကို မည်သည့်အရာဖြင့် ထပ်၍ဒဏ်ခတ်မည်နည်းဟူမူကား
ဆာလံ 52:4 - မြန်မာ့စံမီသမ္မာကျမ်း အို လိမ်လည်လှည့်ဖြားသောလျှာ၊ သင်သည် ထိခိုက်နစ်နာစေသောစကားရှိသမျှတို့ကို နှစ်သက်၏။ Common Language Bible အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့် လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။ Garrad Bible သင် သည် ဖျက် ဆီး တတ် သော စ ကား ဟူ သ မျှ နှင့်၊ လိမ် လည် သော လျှာ ကို နှစ် သက် တတ်၏။ Judson Bible အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။ |
အို လိမ်လည်ကောက်ကျစ်သောလျှာ၊ ကိုယ်တော်သည် သင့်ကို မည်သို့ပြုမည်နည်း၊ သင့်ကို မည်သည့်အရာဖြင့် ထပ်၍ဒဏ်ခတ်မည်နည်းဟူမူကား
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကျွန်ုပ်ကိုခြေထိုးရန်ကြံစည်သည့် ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကိုကာကွယ်တော်မူပါ။
သင်၏နှုတ်ကို မကောင်းမှုအတွက်အသုံးပြုပြီး သင်၏လျှာကို လိမ်လည်လှည့်ဖြားမှု၌ မှီဝဲဆည်းကပ်စေ၏။