အာဒံသည် အသက်တစ်ရာ့သုံးဆယ်ရှိသောအခါ သူနှင့်တစ်ပုံစံတည်း၊ သူ၏ပုံသဏ္ဌာန်အတိုင်းဖြစ်သောသားကိုရ၍ သူ၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
ဆာလံ 51:5 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။ Common Language Bible ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။ Garrad Bible အ ကျွန်ုပ် သည်၊ ဖွား စ က ပင် ဒု စ ရိုက် ပါ လျက်၊ သ န္ဓေ တည် သော နေ့ က ပင် အ ပြစ် ပါ လျက် ရှိ ပါ လေ စွ။ Judson Bible အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။ |
အာဒံသည် အသက်တစ်ရာ့သုံးဆယ်ရှိသောအခါ သူနှင့်တစ်ပုံစံတည်း၊ သူ၏ပုံသဏ္ဌာန်အတိုင်းဖြစ်သောသားကိုရ၍ သူ၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
မစင်ကြယ်သောအရာထဲမှ စင်ကြယ်သောအရာကို အဘယ်သူ ပေါ်ထွက်စေနိုင်သနည်း။ အဘယ်သူမျှမရှိပါ။
ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် ဖောက်ပြန်သောသဘောရှိကြ၏။ သူတို့သည် မွေးစကပင် လမ်းလွဲ၍ လိမ်လည်ပြောဆိုတတ်ကြ၏။
ယောက်ျားသည် မိန်းမနှင့်အိပ်၍ သုက်ရည်ထွက်လျှင် နှစ်ယောက်စလုံး ရေချိုးရမည်။ သူတို့သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။