သင်သည် သူခိုးနှင့်တွေ့သောအခါ သူ့ကိုလက်ခံ၏။ အိမ်ထောင်ရေးဖောက်ပြန်သောသူတို့နှင့်လည်း ပေါင်းသင်းဆက်ဆံ၏။
သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။ သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။
သင် သည် သူ ခိုး ကို မြင် သော်၊ သက် ဝင် လျက်၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ တို့ နှင့် ဆက် ဆံ တတ် ၏။
သင်သည် သူခိုးကိုမြင်လျှင်၊ သူနှင့် သဘောတူတတ်၏။ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏။
ထိုအခါ ယောနဒပ်က သူ့အား “သင်နေမကောင်းယောင်ဆောင်ပြီး အိပ်ရာထဲလှဲနေလိုက်ပါ။ သင့်ခမည်းတော် သင့်ကိုလာကြည့်လျှင် ‘အကျွန်ုပ်ကို ပြုစုကျွေးမွေးဖို့ အကျွန်ုပ်၏နှမတာမာကို လွှတ်ပေးပါ။ အကျွန်ုပ်ရှေ့တွင် အစားအစာပြင်ဆင်ပေးသည်ကို ကြည့်ပြီး သူ့လက်နှင့် ခွံ့ကျွေးသည်ကို စားလိုပါ၏’ဟူ၍ လျှောက်လော့”ဟု အကြံပေးလေ၏။
ထိုသူတို့သည် တံစိုးလက်ဆောင်ကြောင့် ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုစီရင်၍ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဖယ်ရှားတတ်ကြ၏။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
‘ငါတို့သည် ငါတို့၏ဘိုးဘေးများလက်ထက်၌ရှိခဲ့လျှင် ပရောဖက်တို့ကို သတ်ဖြတ်သောသူတို့၏အပေါင်းအဖော်ဖြစ်ကြမည်မဟုတ်’ဟု ပြောကြ၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။