Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 13:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုအခါ ယောနဒပ်​က သူ့​အား “​သင်​နေမကောင်း​ယောင်ဆောင်​ပြီး အိပ်ရာ​ထဲ​လှဲ​နေ​လိုက်​ပါ​။ သင့်​ခမည်းတော် သင့်​ကို​လာကြည့်​လျှင် ‘​အကျွန်ုပ်​ကို ပြုစုကျွေးမွေး​ဖို့ အကျွန်ုပ်​၏​နှမ​တာမာ​ကို လွှတ်ပေး​ပါ​။ အကျွန်ုပ်​ရှေ့​တွင် အစားအစာ​ပြင်ဆင်​ပေး​သည်​ကို ကြည့်​ပြီး သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို စား​လို​ပါ​၏’​ဟူ၍ လျှောက်​လော့”​ဟု အကြံပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ယော​န​ဒပ်​က``သင်​သည်​ဖျား​နာ​ဟန်​ပြု​၍ အိပ်​ရာ​ပေါ်​တွင်​နေ​လော့။ သင့်​ခ​မည်း​တော် လာ​၍​ကြည့်​သော​အ​ခါ`နှ​မ​တော်​တာ​မာ အား​အ​ကျွန်ုပ်​ထံ​သို့​စေ​လွှတ်​၍ အ​ကျွန်ုပ် အား​အ​စား​အ​စာ​ကျွေး​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ရှေ့​တွင်​သူ​ချက်​၍ သူ့​လက်​ဖြင့် ကျွေး​သော​အ​စား​အ​စာ​ကို​စား​လို​ပါ သည်' ဟု​လျှောက်​ထား​လော့'' ဟု​အ​ကြံ ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ယော န ဒပ် က၊ နာ ဟန် ဆောင် လျက် သ လွန် ပေါ် မှာ လျောင်း နေ လော့။ ခ မည်း တော် အ ကြည့် အ ရှု ကြွ လာ သော အ ခါ မင်း သား က၊ နှ မ တော် တာ မာ ကို စေ လွှတ် တော် မူ၍ ကျွန် တော့် ရှေ့ တွင် သူ ချက် သည် ကို မြင် လျက် သူ့ လက် ဖြင့် ကျွေး သော အာ ဟာ ရ ကို စား ရ ပါ မည့် အ ကြောင်း အ ခွင့် တောင်း လော့ ဟု အ ကြံ ပေး သည့် အ လျောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယော​န​ဒပ်​က​လည်း၊ ခု​တင်​ပေါ်​မှာ တုံး​လုံး​နေ၍ နာ​ဟန်​ဆောင်​ပါ။ ခ​မည်း​တော်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ​လာ၍ ကျွေး​မွေး​ပါ​စေ။ သူ​ချက်​သော စား​စ​ရာ​ကို အ​ကျွန်ုပ်​သည်​မြင်၍ သူ​လက်၌​စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ ချက်​ပါ​စေ​ဟု အ​ခွင့်​တောင်း​ရ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 13:5
8 ပူးပေါင်းရင်းမြစ်များ  

သူ​က အာမနုန်​အား “​အို ဘုရင့်​သား​တော်​၊ အဘယ်ကြောင့် တစ်နေ့​ထက်​တစ်နေ့ ပိန်​လာ​သနည်း​။ အကျွန်ုပ်​အား ပြောပြ​၍​မ​ရ​သလော​”​ဟု ဆို​လျှင် အာမနုန်​က “​ငါ့​ညီ အဗရှလုံ​၏​နှမ တာမာ​ကို ငါ​ချစ်​မိ​နေ​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။


ထို့ကြောင့် အာမနုန်​သည် နေမကောင်း​ယောင်ဆောင်​ပြီး လှဲ​နေ​လေ​၏​။ ရှင်ဘုရင်​လာကြည့်​သောအခါ အာမနုန်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​နှမ တာမာ​ကို လွှတ်ပေး​ပြီး အကျွန်ုပ်​ရှေ့​တွင် မုန့်​နှစ်​ပြား​ကို​လုပ်ပေး​စေ​ပါ​။ သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို အကျွန်ုပ်​စား​လို​ပါ​၏​”​ဟု လျှောက်​လျှင်


အဟိသောဖေလ​က အဗရှလုံ​အား “​နန်းတော်​ကို​စောင့်ရှောက်​ရန် အရှင့်​ခမည်းတော်​ချန်ထား​ခဲ့​သော မောင်းမ​တို့​ထံ ဝင်​ပါ​။ ဤသို့ အရှင်​သည် ခမည်းတော်​စက်ဆုပ်ရွံရှာ​အောင်​ပြု​ကြောင်း​ကို အစ္စရေး​လူ​တစ်မျိုးနွယ်လုံး​ကြားသိ​လျှင် အရှင့်​ဘက်သား​အားလုံး အားတက်​လာ​လိမ့်မည်​”​ဟု လျှောက်တင်​၏​။


ငါ့​သား​၊ သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​နားမထောင်​တော့​လျှင် အသိပညာ​စကား​တို့​မှ လမ်းလွဲ​သွား​လိမ့်မည်​။


သို့ဖြစ်၍ ယခု အရှင်​တို့​သည် တရား​လွှတ်တော်​အဖွဲ့​နှင့်အတူ ပေါလု​၏​အမှု​ကို ပို၍​တိကျ​စွာ​စစ်ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အရှင်​တို့​ထံသို့​ခေါ်ဆောင်​လာ​ရန်​တပ်မှူးကြီး​အား လျှောက်ထား​ကြ​ပါ။ အကျွန်ုပ်​တို့​သည် ဤ​နေရာ​သို့ သူ​မ​ရောက်လာ​မီ သူ့​ကို​သတ်​ရန် အသင့်​ရှိ​နေ​ပါ​မည်”​ဟု ပြောကြား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ