အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးဆုတောင်းအသနားခံသည်ကို ဂရုစိုက်လှည့်ပါ။ ယနေ့ ကိုယ်တော့်ရှေ့တော်တွင် ကိုယ်တော့်အစေအပါး တောင်းလျှောက်သောဆုတောင်းသံ၊ အော်ဟစ်သံကို နားညောင်းတော်မူပါ။
ဆာလံ 5:2 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ရှင်ဘုရင်နှင့်အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်၏အော်ဟစ်သံကို အာရုံစိုက်နားထောင်တော်မူပါ။ Common Language Bible ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန် ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။ Garrad Bible အို အ ကျွန်ုပ် ဘု ရင်၊ အ ကျွန်ပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် တောင်း လျှောက် သည် ဖြစ် ၍၊ အော် ဟစ် သံ ကို နား ညောင်း တော် မူ ပါ။ Judson Bible အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ |
အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးဆုတောင်းအသနားခံသည်ကို ဂရုစိုက်လှည့်ပါ။ ယနေ့ ကိုယ်တော့်ရှေ့တော်တွင် ကိုယ်တော့်အစေအပါး တောင်းလျှောက်သောဆုတောင်းသံ၊ အော်ဟစ်သံကို နားညောင်းတော်မူပါ။
ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။ တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
ဆုတောင်းချက်ကိုနားညောင်းတော်မူသောအရှင်၊ လူအပေါင်းတို့သည် ကိုယ်တော့်ထံသို့ လာကြပါလိမ့်မည်။
သို့သော် ဘုရားသခင်သည် ရှေးကာလမှစ၍ အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအလယ်၌ ကယ်တင်ခြင်းအမှုကိုပြုတော်မူ၏။
အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ယဇ်ပလ္လင်အနီးတွင် စာငှက်ပင်လျှင် နေစရာအရပ်ကိုလည်းကောင်း၊ ပျံလွှားငှက်ပင်လျှင် မိမိသားငယ်မွေးရန် မိမိအသိုက်ကိုလည်းကောင်း တွေ့ရှိကြပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”