လူသည် သူတစ်ပါးကို လုံးဝရွေးနုတ်ကယ်တင်၍မရနိုင်။ မိမိအတွက်ရွေးနုတ်စရာအဖိုးအခကိုလည်း ဘုရားသခင်အား မပေးနိုင်။
လူသည်အဘယ်အခါ၌မျှမိမိကိုယ်ကို မကယ်နိုင်၊ မိမိအသက်၏တန်ဖိုးကိုထာဝရဘုရား အား မပေးမဆပ်နိုင်။
ကာ လ အ စဉ် မ ပေး ရ အောင်၊ အ သက် ရွေး နုတ် ဖိုး ကြီး လှ သော ကြောင့်၊ သင်္ချိုင်း တွင်း သို့ မ ဆင်း ဘဲ၊ ရှင် မြဲ ရှင် ခွင့် ရ စေ ခြင်း ငှာ၊ လူ အ ချင်း ချင်း တို့ ရွေး နုတ် ဖိုး ကို၊ ဘု ရား သ ခင့် ထံ မ ဆက် မ သွင်း နိုင် ချေ။
မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်။
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ၎င်းကို မြင့်မားသောတံတိုင်းနှင့်တူသည်ဟု သူထင်မှတ်တတ်၏။
ထာဝရဘုရားက “လူသေကောင်တို့သည် လယ်ပြင်ရှိနောက်ချေးကဲ့သို့လည်းကောင်း၊ စုသိမ်းသူမရှိ၊ ရိတ်သိမ်းသူနောက်၌ပုံထားသော ကောက်လှိုင်းကဲ့သို့လည်းကောင်း ပြန့်ကျဲနေလိမ့်မည်”ဟု မိန့်တော်မူကြောင်း ပြောကြားလော့။
သင်တို့ အီဂျစ်ပြည်၌ရှိစဉ်ကပင် ငါ ထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်၏။ သတ်မှတ်ထားသောပွဲတော်အချိန်ကကဲ့သို့ သင်တို့ကို တဲထဲတွင် ပြန်နေစေမည်။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။
တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
ထိုအရှင်သည် လူအပေါင်းတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူ၏။ ဤသည်ကား အချိန်တန်သောအခါ ပေးတော်မူသောသက်သေခံချက်ဖြစ်၏။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ