ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ဆာလံ 49:2 - မြန်မာ့စံမီသမ္မာကျမ်း အယုတ်အမြတ်၊ ဆင်းရဲချမ်းသာမရွေး အတူတကွစူးစိုက်နားထောင်ကြလော့။ Garrad Bible လူ ယုတ် လူ မြတ်၊ သူ ကြွယ်၊ သူ ဆင်း ရဲ အ ပေါင်း တို့၊ နား ထောင် ကြ လော့။ Judson Bible အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသောသူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့။ |
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
ချမ်းသာသောသူနှင့် ဆင်းရဲသောသူတို့၏ တူညီသောအချက်မှာ သူတို့အားလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူခြင်းပင်ဖြစ်၏။
အို တိုင်းနိုင်ငံတို့၊ ချဉ်းကပ်၍ နားထောင်ကြလော့။ အို လူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီးပေါ်ရှိသမျှတို့ ကြားကြပါစေ။ ကမ္ဘာလောကနှင့် ကမ္ဘာလောကထဲ၌ ရှိသမျှတို့ကြားကြပါစေ။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။