ဘုရားသခင်၏လုပ်ဆောင်တော်မူချက်တို့ကို လာ၍ကြည့်ကြလော့။ လူသားတို့အတွက် ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းပေ၏။
ဆာလံ 46:9 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။ Common Language Bible ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။ Garrad Bible မြေ တစ် ပြင် လုံး၌ စစ် ရေး များ ကို ရပ် စဲ စေ၍၊ လေး ကို ချိုး လျက်၊ လှံ ကို ဖြတ် လျက်၊ စစ် ရ ထား များ ကို မီး ရှို့ တော် မူ ၏။ Judson Bible လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။ |
ဘုရားသခင်၏လုပ်ဆောင်တော်မူချက်တို့ကို လာ၍ကြည့်ကြလော့။ လူသားတို့အတွက် ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းပေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြဋ္ဌာန်းထားသောသုတ်သင်ဖျက်ဆီးခြင်းကို မြေတစ်ပြင်လုံးတွင် စီရင်တော်မူပြီ။
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
ထို့နောက် သင့်လက်ဝဲလက်မှလေးကို ချိုး၍ လက်ယာလက်မှမြားကို ရိုက်ချပစ်မည်။
ထာဝရဘုရားက “ထိုနေ့ရက်တွင် သင်၏မြင်းများကို ငါဖယ်ရှားပစ်မည်။ သင်၏စစ်ရထားတို့ကို ဖျက်ဆီးပစ်မည်။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သူတို့ကို မကြောက်နှင့်။ မနက်ဖြန် ယခုလိုအချိန်တွင် ငါသည် သူတို့အားလုံးကို အစ္စရေးစစ်သည်တို့ရှေ့တွင် အသတ်ခံရစေမည်။ သင်သည် မြင်းများ၏တံကောက်ကြောကို ဖြတ်ပစ်ရမည်၊ စစ်ရထားများကိုလည်း မီးရှို့ပစ်ရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ယောရှုသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မြင်းများ၏တံကောက်ကြောကိုဖြတ်၍ စစ်ရထားများကို မီးရှို့ပစ်လေ၏။
သူရဲကောင်းတို့၏လေးသည် ကျိုးလေပြီ။ အားနည်းသောသူတို့မူကား ခွန်အားနှင့်ပတ်စည်းခြင်းကို ခံရလေပြီ။