မုန်းသောသူ၏လက်မှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူ၏လက်မှ သူတို့ကိုရွေးနုတ်တော်မူ၏။
ဆာလံ 44:8 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် ဘုရားသခင်၌ တစ်နေ့လုံးဂုဏ်ယူဝါကြွား၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲချီးမွမ်းကြပါမည်။(စေလာ) Common Language Bible ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား အစဉ်အမြဲထောမနာပြု၍ကျေးဇူးတော်ကို ထာဝစဉ်ချီးမွမ်းပါမည်။ Garrad Bible နေ့ ရှိ သ မျှ ဘု ရား သ ခင်၌ ဂုဏ် ရောက် ခဲ့ လျက်၊ အ စဉ် အ မြဲ နာ မ တော် ကို ချီး မွမ်း ကြ ပါ မည်။ Judson Bible အကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။ |
မုန်းသောသူ၏လက်မှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူ၏လက်မှ သူတို့ကိုရွေးနုတ်တော်မူ၏။
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ဂုဏ်ယူဝါကြွားမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ဝမ်းမြောက်ကြပါစေသော။
အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
ထာဝရဘုရားက “ဝါကြွားသောသူမူကား ငါထာဝရဘုရားသည် ကမ္ဘာမြေပေါ်တွင် မေတ္တာကရုဏာပြသောဘုရား၊ တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရားဖြစ်၍ ထိုသို့ပြုခြင်းကို ငါနှစ်သက်ကြောင်း သိနားလည်ခြင်း၌သာ ဝါကြွားစေ”ဟု မိန့်တော်မူ၏။
အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊