ကဲ့ရဲ့ပြစ်တင်သောသူ၊ စော်ကားပြောဆိုသောသူများ၏အသံကြောင့်လည်းကောင်း၊ ရန်သူနှင့် လက်တုံ့ပြန်သူရှိနေသောကြောင့်လည်းကောင်း အကျွန်ုပ်သည် တစ်နေ့လုံးအသရေပျက်ရပါ၏။ အကျွန်ုပ်၏မျက်နှာသည်လည်း အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းလျက်ရှိပါ၏။
ရန်သူများနှင့်လက်စားချေသူတို့မခိုးမခန့် စော်ကားပြောဆိုကြသည့်စကားများကြောင့် ကျွန်တော်မျိုးသည်အစဉ်အမြဲအသရေ ပျက်၍ အရှက်ကွဲလျက်နေပါ၏။
ကဲ့ ရဲ့ ပုတ် ခတ် သော ရန် သူ နှင့် ရန် တုံ့ သူ တို့ ခြိမ်း သံ ကြောင့်၊ အ ကျွန်ုပ် သည် နေ့ ရှိ သ မျှ အ သ ရေ ပျက် ခြင်း ကို ဆောင် လျက်၊ မျက် နှာ ရှက် ခြင်း ကို ခြုံ လျက် နေ ရ ပါ လေ စွ။
ကဲ့ရဲ့သောသူနှင့် အသရေဖျက်သောသူ၏စကားကြောင့်လည်းကောင်း၊
အစ္စရေးလူမျိုးတို့ကို ငါပေးထားသောပြည်ပေါ်မှ ငါဖယ်ရှားပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသောအိမ်တော်ကိုလည်း ငါ့ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။ အစ္စရေးလူမျိုးတို့သည် လူမျိုးတကာတို့အလယ်တွင် ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်ရလိမ့်မည်။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
ကိုယ်တော်သည် ငါ့ကို လူတို့ပုံခိုင်းစရာဖြစ်စေပြီ။ ငါ့မျက်နှာကို တံတွေးထွေးစရာဖြစ်စေပြီ။
အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရပါ၏။ အသရေပျက်ခြင်းသည် အကျွန်ုပ်၏မျက်နှာကို ဖုံးလွှမ်းပါပြီ။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
သူ၏ပျိုရွယ်သောနေ့ရက်တို့ကိုလည်း တိုတောင်းစေ၍ သူ့ကိုအရှက်ဖြင့် ဖုံးလွှမ်းတော်မူပြီ။(စေလာ)
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။
လမ်းသွားလမ်းလာအားလုံး သင့်ကိုလက်ခုပ်တီး၍ ကဲ့ရဲ့ကြပြီ။ ထိုသူတို့သည် ခေါင်းကိုခါယမ်းလျက် ဂျေရုဆလင်သမီးပျိုအား “လှပမှုအပေါင်းစုံလင်ရာမြို့၊ မြေကြီးသားအားလုံးဝမ်းမြောက်ရာမြို့ကား ဤမြို့ပေလော”ဟု ဆိုကြပြီ။