ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ဆာလံ 41:4 - မြန်မာ့စံမီသမ္မာကျမ်း ငါက “အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုပြစ်မှားခဲ့သည်ဖြစ်၍ အကျွန်ုပ်စိတ်ဝိညာဉ်၏အနာကို ပျောက်ကင်းစေတော်မူပါ”ဟု လျှောက်ဆို၏။ Common Language Bible ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှားပါပြီ။ ကျွန်တော်မျိုးအားသနားတော်မူ၍ရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုငါလျှောက်ထား၏။ Garrad Bible ငါ မူ ကား၊ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သက်၍၊ ကိုယ် တော် အား ပြစ် မှား မိ ခဲ့ သော အ ကျွန်ုပ် ကို သက် သာ စေ တော် မူ ပါ ဟု၊ လျှောက် ထား ပါ ၏။ Judson Bible ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်ပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏အနာကို ပျောက်စေတော်မူပါဟု လျှောက်ဆို၏။ |
ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ကိုယ်တော်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့ကို ကျန်းမာစေ၍ သူတို့၏ဒဏ်ရာများကို ပတ်စည်းပေးတော်မူ၏။
အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော်ထံဝန်ချပါ၏။ အကျွန်ုပ်၏ဒုစရိုက်ကိုလည်း ဖုံးအုပ်မထားပါ။ “အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ထာဝရဘုရားထံဖော်ပြဝန်ခံမည်”ဟု အကျွန်ုပ်ပြောဆိုခဲ့ပါ၏။ ထိုအခါ ကိုယ်တော်သည် အကျွန်ုပ်၏အပြစ်ဒုစရိုက်ကို ခွင့်လွှတ်တော်မူ၏။(စေလာ)
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။