ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။
ဆာလံ 40:16 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကိုမြတ်နိုးသောသူတို့က “ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။ Common Language Bible ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟု အစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။ Garrad Bible ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။ Judson Bible ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော။ |
ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
အကျွန်ုပ်၏မျက်စိသည် ကိုယ်တော်၏ကယ်တင်ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သောမိန့်တော်မူချက်ကို တောင့်တလျက် အားအင်ကုန်ခန်းပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင် တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ “ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။
အကျွန်ုပ်၏ဖြောင့်မတ်ခြင်းကို နှစ်သက်သောသူတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ “မိမိအစေအပါး၏ကောင်းစားခြင်းကို နှစ်သက်တော်မူသောထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု သူတို့သည် အစဉ်မပြတ်မြွက်ဆိုကြပါစေသော။
သို့သော် ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်၍ ဘုရားသခင်၏ရှေ့တော်၌ရွှင်လန်းကြလိမ့်မည်။ သူတို့သည် ဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးကြလိမ့်မည်။
“အချင်းလူသား၊ တိုင်ရာမြို့က ဂျေရုဆလင်မြို့ကိုဆန့်ကျင်၍ ‘အဟား၊ လူမျိုးတကာတို့၏တံခါးကြီး ကျိုးပဲ့လေပြီ။ ဟင်းလင်းပွင့်လေပြီ။ ထိုမြို့သည် လူဆိတ်ညံရာဖြစ်လေပြီ။ ငါ့အလိုပြည့်စုံလေပြီ’ဟု ဆို၏။
ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။