အကျွန်ုပ်ကြောက်သောကဲ့ရဲ့ပြစ်တင်ခြင်းကို လွှဲဖယ်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကောင်းမြတ်ကြပါ၏။
ဆာလံ 39:8 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကျူးလွန်သောအပြစ်ရှိသမျှတို့မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို မိုက်မဲသောသူ၏ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေတော်မမူပါနှင့်။ Common Language Bible ကျွန်တော်မျိုး၏အပြစ်အပေါင်းမှကယ်တော် မူပါ။ ကျွန်တော်မျိုးအားလူမိုက်တို့လှောင်ပြောင် စေတော်မမူပါနှင့်။ Garrad Bible လွန် ကျူး ချက် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ပါ။ လူ မိုက် တို့ ကဲ့ ရဲ့ ရာ ဖြစ် စေ တော် မ မူ ပါ နှင့်။ Judson Bible ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ။ မိုက်သောသူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်။ |
အကျွန်ုပ်ကြောက်သောကဲ့ရဲ့ပြစ်တင်ခြင်းကို လွှဲဖယ်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကောင်းမြတ်ကြပါ၏။
ကင်းစောင့်တို့သည် နံနက်အချိန်ကိုစောင့်မျှော်ကြသည်ထက် အကယ်စင်စစ် ကင်းစောင့်တို့သည် နံနက်အချိန်ကိုစောင့်မျှော်ကြသည်ထက် ငါ၏စိတ်ဝိညာဉ်သည် ဘုရားရှင်ကို စောင့်မျှော်၏။
ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို သူတို့၏ဒုစရိုက်ရှိသမျှတို့ထဲမှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဒုစရိုက်သည်ကြီးမားလှသောကြောင့် ကိုယ်တော်၏နာမတော်ကိုထောက်၍ ခွင့်လွှတ်တော်မူပါ။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုနှင့် အကျွန်ုပ်၏အခက်အခဲပြဿနာကို ကြည့်ရှု၍ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို ခွင့်လွှတ်တော်မူပါ။
သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ “ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူတို့အတွက် အထင်အမြင်သေးစရာနှင့် ပြက်ရယ်ပြုစရာဖြစ်စေတော်မူပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ငါ့ကိုနင်းချေသောသူတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(စေလာ) ဘုရားသခင်သည် မိမိ၏မေတ္တာကရုဏာတော်နှင့် သမ္မာတရားကို စေလွှတ်တော်မူလိမ့်မည်။
ဒုစရိုက်များသည် အကျွန်ုပ်ကိုလွှမ်းမိုးသောအခါ ကိုယ်တော်သည် အကျွန်ုပ်တို့ကျူးလွန်သော အပြစ်များကို ဖြေလွှတ်တော်မူ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
ထာဝရဘုရားက မိမိလူမျိုးတော်အား “ကြည့်ရှုလော့။ ငါသည် သင်တို့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီကို ပေးသနား၍ သင်တို့သည် ဝပြောစွာစားသောက်ရမည်။ သင်တို့ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာဖြစ်စေတော့မည်မဟုတ်။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။