ဆာလံ 39:7 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အို ဘုရားရှင်၊ ယခု အကျွန်ုပ်သည် မည်သည့်အရာကိုစောင့်မျှော်ရပါမည်နည်း။ အကျွန်ုပ်မျှော်မှန်းသောအရာသည် ကိုယ်တော်၌သာရှိပါ၏။ Common Language Bible သို့ဖြစ်၍ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်အရာကို မျှော်ကိုးနိုင်ပါမည်နည်း။ ကျွန်တော်မျိုးသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။ Garrad Bible သို့ ဖြစ်၍ အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် မည် သည့် အ ရာ ကို စောင့် စား နေ ရ ပါ သ နည်း။ ကိုယ် တော်၌ သာ လျှင် မျှော် လင့် ခြင်း ရှိ ပါ၏။ Judson Bible ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်းရှိပါ၏။ |
ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
ပန်းကဲ့သို့ပွင့်ပြီး ညှိုးနွမ်းသွားရပါ၏။ အရိပ်ကဲ့သို့ရွေ့လျားပြီး ပျောက်ကွယ်သွားရပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်၍ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။ အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ထူးတော်မူမည်ဖြစ်ပါ၏။
ထိုသူတို့က မိမိတို့အိမ်သည် အစဉ်အမြဲတည်၍ မိမိတို့နေထိုင်ရာအရပ်သည် မျိုးဆက်အစဉ်အဆက်တည်လိမ့်မည်ဟု ထင်မှတ်လျက် မြေကွက်တို့ကို မိမိတို့အမည်ဖြင့်မှည့်ခေါ်ကြ၏။
အကြောင်းမူကား ဉာဏ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် ကြိုးပမ်းအားထုတ်သောသူရှိသော်လည်း ထိုသူသည် မိမိ၏ဝေစုကို ကြိုးပမ်းအားထုတ်မှုမရှိသောသူအား ပေးအပ်ရမည်ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး အလွန်ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။