“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
ဆာလံ 38:16 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ “အကျွန်ုပ်ခြေချော်သောအခါ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ခြင်း၊ အကျွန်ုပ်အပေါ်မိမိကိုယ်ကိုချီးမြှောက်ခြင်း မရှိကြပါစေနှင့်”ဟု အကျွန်ုပ်လျှောက်ပါပြီ။ Common Language Bible ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ ရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။ Garrad Bible အ ကျွန်ုပ် က၊ သူ တို့ သည် အ ကျွန်ုပ် အ ပေါ်၌ ရွှင် လန်း ခွင့်၊ ခြေ ချော် မိ သော အ ခါ ထောင် လွှား ခွင့် မ ရ အောင်၊ တောင်း လျှောက် ခဲ့ ပါ ပြီ။ Judson Bible သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သောအခါ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကိုချီးမြှောက်ကြပါလိမ့်မည်ဟု လျှောက်ပါပြီ။ |
“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။