အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 37:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ မတရားမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​ယုတ်​မာ​တို့​၏​အ​တွက်​ကြောင့်​စိုး​ရိမ်​ပူ​ပန်​မှု မ​ဖြစ်​နှင့်။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ဆိုး ပြု ကျင့် သူ တို့ ကြောင့် စိတ် မျက် ခြင်း၊ မ တ ရား ပြု ကျင့် သူ တို့ ကြောင့် ငြူ စူ ခြင်း မ ရှိ လင့်။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​ဆိုး​တို့​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 37:1
12 ပူးပေါင်းရင်းမြစ်များ  

ဤ​အဖြစ်​ကြောင့် ဖြောင့်မှန်​သော​သူ​တို့​သည် အံ့ဩထိတ်လန့်​ကြ​ပြီ​။ အပြစ်မဲ့​သော​သူ​တို့​သည်​လည်း ဘုရားတရားမဲ့​သော​သူ​တို့​အပေါ် မခံမရပ်​နိုင်​ဖြစ်​ကြ​ပြီ​။


ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။ မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊ ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။


အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​ကောင်းစား​ကြ​သည်​ကို​ငါ​မြင်​၍ ဝါကြွား​တတ်​သော​သူ​တို့​ကို ငါ​ငြူစူ​မိ​သောကြောင့်​ဖြစ်​၏​။


လူ​သည် မိမိ​၏​မိုက်မဲမှု​ကြောင့် မိမိ​လမ်းခရီး​မှားယွင်း​ချွတ်ချော်​သောအခါ​ပင် သူ​၏​စိတ်နှလုံး​တွင် ထာဝရဘုရား​ကို​စိတ်ဆိုး​တတ်​၏​။


သင်​၏​စိတ်နှလုံး​သည် အပြစ်သား​တို့​ကို မ​ငြူစူ​နှင့်​။ တစ်နေ့လုံး ထာဝရဘုရား​ကို ကြောက်ရွံ့​၍​သာ​နေ​လော့​။


မကောင်းမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။ သူ​တို့​နှင့်​ပေါင်းဖော်​ရန်​လည်း အလို​မ​ရှိ​နှင့်​။


ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။


ရက်စက်ကြမ်းကြုတ်​သော​သူ​ကို​မ​ငြူစူ​နှင့်​။ သူ​ပြုမူကျင့်ကြံ​သော​အမှုအရာ​တစ်စုံတစ်ခု​ကို​မျှ မ​ရွေးချယ်​နှင့်​။


ဆိုးယုတ်​သော​သူ​မူကား ဘုရားသခင်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​လိမ့်မည်​မ​ဟုတ်​။ သူ​၏​နေ့ရက်​ကာလ​များ​သည်​လည်း အရိပ်​ကဲ့သို့​ဖြစ်၍ ရှည်​လိမ့်မည်​မ​ဟုတ်​။


မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။