ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။ သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။
ဆာလံ 35:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။ Common Language Bible ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူပုံကိုထုတ်ဖော်ကြေညာ ပါမည်။ တစ်နေ့လုံးကိုယ်တော်ရှင်အားထောမနာပြု ပါမည်။ Garrad Bible အ ကျွန်ုပ် က လည်း၊ နေ့ ရှိ သ မျှ ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကို မြွက် ဆို လျက်၊ ဂုဏ် တော် ကို ချီး မွမ်း ပါ မည်။ Judson Bible အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။ |
ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။ သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။
အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းကျက်သရေနှင့်ဆိုင်သည့် ဘုန်းအသရေခန့်ညားထည်ဝါမှုကိုလည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ဆင်ခြင်အောက်မေ့ပါမည်။
ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။
အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။