ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။
ဆာလံ 35:13 - မြန်မာ့စံမီသမ္မာကျမ်း ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ Common Language Bible ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။ Garrad Bible ငါ သည်၊ သူ တို့ မ ကျန်း မ မာ ကြ သော်၊ လျှော် တေ ဝတ် လျက်၊ အ စာ ရှောင် လျက်၊ စိတ် ဒု က္ခ ရောက် ရ ၏။ ငါ ပို့ သော မေ တ္တာ သည်၊ ငါ့ အ တွင်း သို့ ပြန် ရောက် ၏။ Judson Bible ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။ |
ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။
မြို့တံခါးဝတွင်ထိုင်နေသောသူတို့သည် အကျွန်ုပ်အကြောင်းကို တီးတိုးပြောဆိုကြပါ၏။ အကျွန်ုပ်သည် သေရည်သေရက်သောက်စားသော သူတို့၏တေးဖွဲ့သီဆိုစရာများဖြစ်ရပါ၏။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
ငါနှစ်သက်သောအစာရှောင်ခြင်းကား ဤသို့လော။ လူသည် မိမိကိုယ်မိမိနှိမ့်ချ၍ ကျူပင်ကဲ့သို့ ခေါင်းကိုကိုင်းညွတ်ကာ လျှော်တေနှင့်ပြာအပေါ်လဲလျောင်းသောနေ့လော။ ဤသည်ကို အစာရှောင်ရာနေ့၊ ထာဝရဘုရားလက်ခံတော်မူသောနေ့ဟု သင်တို့ခေါ်မည်လော။
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ၎င်းအပေါ်သို့သက်ရောက်ပါစေ။ မထိုက်တန်လျှင်မူကား သင်တို့၏ငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာပါစေ။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
ထိုနေရာတွင် ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ထိုသူအပေါ်သက်ရောက်လိမ့်မည်။ မရှိလျှင်မူကား ထိုငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာလိမ့်မည်။