ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။
ဆာလံ 29:7 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အသံတော်သည် မီးတောက်မီးလျှံများကို ထွက်ပေါ်စေတော်မူ၏။ Common Language Bible ထာဝရဘုရား၏အသံတော်သည်အလင်း ရောင်ကို ပေါ်ထွက်စေတော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ အ သံ တော် သည်၊ မီး လျှံ များ ကို ခွဲ ၏။ Judson Bible ထာဝရဘုရား၏အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။ |
ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။
လျှပ်စီးကြောင်းတို့ကို သင်စေလွှတ်နိုင်သလော။ လျှပ်စီးကြောင်းတို့က သင့်ကို ‘အကျွန်ုပ်တို့ရှိပါသည်’ဟု ပြန်ပြောပြီး ထွက်သွားလိမ့်မည်လော။
မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
ထိုအခါ မောရှေသည် မိမိ၏တောင်ဝှေးကို မိုးကောင်းကင်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် မိုးချုန်းသံများနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်သို့ကျလာ၏။ ထာဝရဘုရားသည် အီဂျစ်ပြည်အပေါ်သို့ မိုးသီးကို ရွာကျစေတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။