ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။
ဆာလံ 26:8 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ စံ တော် မူ ရာ ဗိ မာန် ကို လည်း ကောင်း၊ ဘုန်း တော် ကိန်း ဝပ် ရာ ဌာ န ကို လည်း ကောင်း၊ အ ကျွန်ုပ် နှစ် သက် ပါ ၏။ Judson Bible အိုထာဝရဘုရား၊ အိမ်တော်တည်ရာကိုလည်းကောင်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။ |
ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။
ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ဘုရားသခင်၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိ၏။
ထိုသို့ ရှောလမုန်မင်းကြီးဆုတောင်းပြီးသောအခါ ကောင်းကင်မှမီးကျလာ၍ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာတို့ကို လောင်ကျွမ်းလေ၏။ ထာဝရဘုရား၏ဘုန်းအသရေတော်သည်လည်း အိမ်တော်ကို ဖုံးလွှမ်းလေ၏။
ထိုသို့ ထာဝရဘုရားအိမ်တော်ကို ထာဝရဘုရား၏ဘုန်းအသရေတော် ဖုံးလွှမ်းသဖြင့် ယဇ်ပုရောဟိတ်တို့ပင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဝင်၍မရချေ။
ငါတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးချမ်းသာကို ငါရှာမည်။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူမည်။ ငါတို့အသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်တွင် ကြိုးတပ်တူရိယာများကိုတီးခတ်ကြပါမည်ဟု ငါဆို၏”ဟူ၍ ဖြစ်၏။
ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။
ထို့နောက် ဝိညာဉ်တော်သည် ငါ့ကိုချီမလိုက်စဉ်တွင် “စံတော်မူရာအရပ်မှ ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြစေသတည်း”ဟူသော အသံကို ငလျင်လှုပ်သံကြီးကဲ့သို့ ငါ့နောက်မှကြားရ၏။
သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်၌ ဆရာများကြားတွင်ထိုင်၍ သူတို့ကိုနားထောင်လျက် မေးမြန်းလျက်နေသည်ကို မိဘတို့တွေ့ကြ၏။
ယေရှုကလည်း“အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။