အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 25:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​သည် တစ်ကိုယ်တည်း​ဖြစ်​လျက် အဖိနှိပ်​ခံရ​သောကြောင့် အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ကျန်​ရစ်​လျက် အား​အင်​ချိ​နဲ့​၍​နေ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

ခို ကိုး ရာ မဲ့၊ ညှဉ်း ပန်း ခံ ရ သော အ ကျွန်ုပ် ကို လှည့် ကြည့်၍၊ က ရု ဏာ သက် တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်​သည် တစ်​ယောက်​တည်း​ကျန်​ကြွင်း၍ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 25:16
12 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည်​လည်း အကျွန်ုပ်​အထဲ​၌ နာကျင်​လျက်​ရှိ​ပါ​၏​။


ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ ညှိုးငယ်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်ချောက်ချား​လျက်​ရှိ​ပါ​၏​။


အကျွန်ုပ်​သည် အကျွန်ုပ်​၏​အပြစ်​ကို ကိုယ်တော်​ထံ​ဝန်ချ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို​လည်း ဖုံးအုပ်​မ​ထား​ပါ​။ “​အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ထာဝရဘုရား​ထံ​ဖော်ပြဝန်ခံ​မည်​”​ဟု အကျွန်ုပ်​ပြောဆို​ခဲ့​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​အပြစ်​ဒုစရိုက်​ကို ခွင့်လွှတ်​တော်မူ​၏​။(​စေလာ)


အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို​ငြင်းပယ်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​ကို​ဖြိုဖျက်​ခဲ့​ပါ​၏​။ ကိုယ်တော်​သည် အမျက်​တော်​ထွက်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။


အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို ကိုယ်တော်​၏​အစေအပါး​အား ပေး​၍ ကိုယ်တော့်​ကျွန်မ​၏​သား​ကို ကယ်တင်​တော်မူ​ပါ​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ယခု ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​၊ အသနားခံ​သံ​ကို နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ လူ​ဆိတ်ညံ​သွား​သော​ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ ကိုယ်တော်တိုင်​အဖို့ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။