အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
ဆာလံ 22:16 - မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် ခွေးများသည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဆိုးညစ်သောအမှုကိုပြုသောလူတစ်စုသည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေနှင့်အကျွန်ုပ်၏လက်ကို ထိုးဖောက်ကြပါ၏။ Common Language Bible လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။ Garrad Bible ခွေး တို့ ဝန်း ရံ လျက်၊ လူ ဆိုး တို့ အ သင်း အ ပင်း ဝိုင်း မိ လျက်၊ အ ကျွန်ုပ် ခြေ လက် များ ကို ထိုး ဖောက် ကြ ပါ ပြီ။ Judson Bible ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။ |
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခွေး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူပါ။
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
သူတို့သည် နေဝင်ချိန်၌ပြန်လာလျက် ခွေးကဲ့သို့မာန်ဖီဟိန်းဟောက်ကာ မြို့အနှံ့လှည့်လည်ကြပါ၏။
သူတို့သည် နေဝင်ချိန်၌ပြန်လာ၍ ခွေးကဲ့သို့ မာန်ဖီဟိန်းဟောက်လျက် မြို့ကိုလှည့်ပတ်ကြပါ၏။
အို ဘုရားသခင်၊ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ထကြွကြပါ၏။ ကြမ်းကြုတ်သောလူတစ်စုသည်လည်း အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။ သူတို့သည် ကိုယ်တော်ကို ဦးထိပ်ထားခြင်းမရှိကြပါ။
သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်ကင်းလျက်ရှိကြ၏။
သင့်ညီအစ်ကို၊ သင့်ဖခင်၏အိမ်သူအိမ်သားတို့ပင်လျှင် သင့်ကို သစ္စာဖောက်လေပြီ။ သူတို့သည် သင့်နောက်သို့လိုက်၍ ကျယ်လောင်စွာဟစ်ခေါ်လေပြီ။ သူတို့သည် သင့်အား ချိုသာစွာပြောလျှင်လည်း မယုံနှင့်။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများစုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။
သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။
ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များအား မည်သူက မည်သည့်အဝတ်ယူရမည်ကို မဲချ၍ ခွဲဝေကြ၏။
သို့သော် လူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကျယ်လောင်သောအသံဖြင့် မရမကတောင်းဆိုကြသဖြင့် သူတို့၏အသံများသည် အနိုင်ရသွားလေ၏။
ဦးခေါင်းခွံဟုခေါ်ဝေါ်သောအရပ်သို့ရောက်သောအခါ သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ရာဇဝတ်သားတို့ကိုလည်း လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
စစ်သားတို့သည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီးသောအခါ ကိုယ်တော်၏ဝတ်ရုံတော်ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြ၏။ အတွင်းအဝတ်တော်ကိုလည်းယူကြရာ ၎င်းသည် ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ တစ်ထည်လုံးကို တစ်ဆက်တည်းရက်ထားသည့် အဝတ်ဖြစ်သောကြောင့်
စစ်သားတစ်ဦးက နံဘေးတော်ကို လှံနှင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။
တစ်ဖန် အခြားသောကျမ်းချက်၌ “သူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်”ဟု ဆိုထား၏။
သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။
ထို့နောက် သောမအား“သင်၏လက်ညှိုးဖြင့် ဤနေရာကိုတို့၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုလည်း ဆန့်၍ ငါ့နံဘေးထဲသို့ထိုးသွင်းလော့။ မယုံကြည်သောသူမဟုတ်ဘဲ ယုံကြည်သောသူဖြစ်လော့”ဟု မိန့်တော်မူ၏။
ခွေးများကို သတိပြုကြလော့။ မကောင်းသောလုပ်သားများကို သတိပြုကြလော့။ ကိုယ်အင်္ဂါလှီးဖြတ်သောသူတို့ကို သတိပြုကြလော့။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။