ဆာလံ 22:16 - Common Language Bible16 လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ခွေး တို့ ဝန်း ရံ လျက်၊ လူ ဆိုး တို့ အ သင်း အ ပင်း ဝိုင်း မိ လျက်၊ အ ကျွန်ုပ် ခြေ လက် များ ကို ထိုး ဖောက် ကြ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible16 ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အမှန်စင်စစ် ခွေးများသည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဆိုးညစ်သောအမှုကိုပြုသောလူတစ်စုသည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေနှင့်အကျွန်ုပ်၏လက်ကို ထိုးဖောက်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။ သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။