အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
ဆာလံ 18:28 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အလင်းကို ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏မှောင်မိုက်ကိုပျောက်လွင့် စေတော်မူပါ၏။ Garrad Bible အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် ကို ထွန်း လျက်၊ အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကိုထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
သို့သော် သူ၏ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီး၏မီးခွက်ဆက်လက်လင်းနေစေရန် သူ၏သားတော်အား သူ၏အရိုက်အရာကိုဆက်ခံစေသည့်အပြင် ဂျေရုဆလင်မြို့ကိုလည်း တည်မြဲစေခဲ့၏။
သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။
ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။
ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုကို ငါပေါက်စေမည်။ ငါဘိသိက်ပေးထားသောသူအတွက် မီးခွက်ကို ငါပြင်ဆင်ပြီ။
လူ၏ဝိညာဉ်သည် အတွင်းအကျဆုံးနေရာရှိသမျှတို့ကို ရှာဖွေတတ်သော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
ထိုနေ့ရက်တွင် မျက်နှာမောက်မာသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထောင်လွှားသောသူသည် ဦးကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
ငါသည် မျက်မမြင်တို့ကို သူတို့မသိသောခရီးဖြင့် ပို့ဆောင်မည်။ သူတို့မသိသောလမ်းဖြင့် လမ်းပြမည်။ သူတို့ရှေ့၌ အမှောင်ကို အလင်းဖြစ်စေမည်။ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေမည်။ ဤအရာတို့ကို ငါပြုမည်။ ငါသည် သူတို့ကို မစွန့်ပစ်။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ရကြ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ”ဟူ၍ဖြစ်၏။
မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။