လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။
ဆာလံ 18:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ၊ ကိုယ်တော်၏မျက်မှောက်တော်၌ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကိုချီးမြှောက်တော်မူ၏။ Common Language Bible ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ ငါသည်တရားမျှတစွာပြုကျင့်သဖြင့် လည်းကောင်း ကိုယ်တော်သည်ငါ့အားကောင်းကျိုးကို ပေးသနားတော်မူ၏။ Garrad Bible သို့ ဖြစ်၍၊ ငါ သည် ဖြောင့် မတ် လျက်၊ မျက် မှောက် တော် တွင် ငါ့ လက် စင် ကြယ် သည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ဆပ် ပေး တော် မူ ၏။ Judson Bible ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကိုပေးတော်မူပြီ။ |
လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။