ရှင်ဘုရင်၏နေ့ရက်များကို ထပ်၍တိုးပေးတော်မူပါ။ သူ၏နှစ်ကာလတို့ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေတော်မူပါ။
ဆာလံ 16:6 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အတွက်သတ်မှတ်ထားသောနယ်မြေသည် နှစ်လိုဖွယ်ကောင်းသောအရပ်တို့၌ ကျလေပြီ။ အမှန်ပင် သာယာကြည်နူးဖွယ်ကောင်းသော အမွေကို ငါခံရလေပြီ။ Common Language Bible ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပေးတော်မူသော ဆုကျေးဇူးတော်များသည် အံ့သြဖွယ်ကောင်းလှပါသည်။ ယင်းတို့သည်ကောင်းမြတ်လှပါသည်တကား။ Garrad Bible ငါ့ အ ဖို့ ချ ထား သော နယ် နိ မိတ် သာ ယာ လျက်၊ ကောင်း မြတ် သော အ ပိုင် ရ ရှိ ပါ ၏။ Judson Bible ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။ |
ရှင်ဘုရင်၏နေ့ရက်များကို ထပ်၍တိုးပေးတော်မူပါ။ သူ၏နှစ်ကာလတို့ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေတော်မူပါ။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။
ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။