ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
ဆာလံ 141:9 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အတွက် သူတို့ထောင်ထားသော ကျော့ကွင်းမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏ ထောင်ချောက်မှလည်းကောင်း အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ Common Language Bible ကျွန်တော်မျိုးအတွက်ထိုသူတို့ထောင်ထားသော ထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ကျော့ကွင်းမှလည်းကောင်း ကွယ်ကာတော်မူပါ။ Garrad Bible အ ကျွန်ုပ် ရှေ့၊ ထောင် ထား ကြ သော ကျော့ ကွင်း မှ လည်း ကောင်း၊ ဒု စ ရိုက် ကို ပြု ကျင့် သူ တို့ ညွှတ် ကွင်း များ မှ လည်း ကောင်း၊ ကင်း လွတ် စေ တော် မူ ပါ။ Judson Bible အကျွန်ုပ်ဖို့ ထောင်ထားကြသော ကျော့ကွင်းမှလည်းကောင်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ ညွှတ်မှလည်းကောင်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။ |
ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
အကျွန်ုပ်၏အတွင်းဝိညာဉ်ညှိုးငယ်သောအခါ ကိုယ်တော်သာလျှင် အကျွန်ုပ်၏လမ်းကိုသိတော်မူ၏။ လူတို့သည် အကျွန်ုပ်လျှောက်သောလမ်း၌ အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ သီဆိုချီးမွမ်းပါမည်။
သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက်
ပညာရှိသောသူ၏သွန်သင်ချက်သည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှဖယ်ခွာစေတတ်၏။
ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။