အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
ဆာလံ 14:6 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အဖိနှိပ်ခံရသောသူ၏အကြံဉာဏ်ကို အရှက်ကွဲစေတတ်သော်လည်း ထာဝရဘုရားသည် သူ၏ခိုလှုံရာဖြစ်တော်မူ၏။ Common Language Bible သူယုတ်မာတို့သည်နှိမ့်ချသူ၏အကြံ အစည်ကို ပျက်စေတတ်ကြသော်လည်း ထာဝရဘုရားသည်သူ၏အကွယ်အကာ ဖြစ်တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား ၌ ခို လှုံ သော ဆင်း ရဲ သား ၏ အ ကြံ အ စည် ကို၊ သင် တို့ အ ရှက် ခွဲ ကြ မည် လော။ Judson Bible နှိမ့်ချလျက်ရှိသောသူသည် ထာဝရဘုရားကိုခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။ |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ)
အချင်းလူသားတို့၊ ငါ၏ဘုန်းအသရေကိုမည်မျှကြာအောင် ရှုတ်ချကြမည်နည်း။ မည်သည့်အချိန်အထိ အချည်းနှီးသောအရာကိုနှစ်သက်၍ လိမ်လည်ခြင်းကိုလိုက်ရှာကြမည်နည်း။(စေလာ)
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ ဘုရားရှင်သည် အကျွန်ုပ်အတွက်စဉ်းစားပေးတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်၊ နှောင့်နှေးတော်မမူပါနှင့်။
ငါ၏ရန်သူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကိုတစ်နေ့လုံး ပြောဆိုလျက် ငါ၏အရိုးကွဲလုမတတ် ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
ထိုအရပ်တွင် ထာဝရဘုရားရှိလျက်နှင့် သင်တို့က ဤပြည်နှစ်ပြည်၊ ဤလူမျိုးနှစ်မျိုးကို ငါတို့သိမ်းပိုက်၍ ငါတို့အပိုင်ဖြစ်မည်ဟု ဆိုသောကြောင့်
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။