သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
ဆာလံ 139:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ဝိညာဉ်တော်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားနိုင်ပါမည်နည်း။ ကိုယ်တော်၏ရှေ့တော်မှောက်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်ထွက်ပြေးနိုင်ပါမည်နည်း။ Common Language Bible ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်နှင့်ကင်းဝေးစေရန် အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်၏မျက်မှောက်တော်မှကင်းလွတ် စေရန် အဘယ်အရပ်သို့ထွက်ခွာနိုင်ပါမည်နည်း။ Garrad Bible ဝိ ညာဉ် တော် နှင့် လွတ် အောင် မည် သည့် အ ရပ် သို့ သွား ခွင့်၊ အ ပါး တော် နှင့် ကင်း အောင် မည် သည့် အ ရပ် သို့ ပြေး ခွင့် ရ ပါ အံ့ နည်း။ Judson Bible ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ |
သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
ထို့ပြင် သူသည် ထာဝရဘုရားထံတော်မှ ထွက်ပြေးခဲ့ကြောင်းကို လူတို့အား ပြောပြသဖြင့် သူတို့သိသွားကြသောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်၍ သူ့အား “အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု ဆိုကြ၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။