အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 139:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​အတွေးအကြံ​တို့​ကို ရေတွက်​မည်​ဆို​လျှင် သဲပွင့်​များ​ထက်မက များပြား​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​နှင့်အတူ ဆက်၍​ရှိ​နေ​ဦး​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော် ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။ အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ရေ တွက် လျှင် သဲ လုံး ထက် များ ပါ၏။ အ ကျွန်ုပ် နိုး သော အ ခါ၊ ကိုယ် တော် နှင့် အ တူ ရှိ နေ ပါ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ကြံ​အ​စည်​တော်​တို့​ကို ရေ​တွက်​လျှင်၊ သဲ​လုံး​နှင့်​အ​မျှ​မ​က သာ၍ များ​ပြား​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် နိုး​သော​အ​ခါ ကိုယ်​တော်​ထံ၌ အ​စဉ်​ရှိ​ပါ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 139:18
11 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​သွားလာ​ခြင်း​နှင့် အိပ်စက်နားနေ​ခြင်း​ကို ခွဲခြား​သိမြင်​တော်မူ​၏​။ အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​နှင့်​လည်း ကျွမ်းဝင်​တော်မူ​၏​။


အကျွန်ုပ်​မူကား ဖြောင့်မတ်​ခြင်း​ကြောင့် ကိုယ်တော်​၏​မျက်နှာ​တော်​ကို​ဖူးမြော်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​၏​သဏ္ဌာန်​တော်​ကို​မြင်​၍ အလိုပြည့်စုံ​ပါ​လိမ့်မည်​။


ထာဝရဘုရား​သည် ငါ့​ကို​ဖေးမ​တော်မူ​သောကြောင့် ငါ​သည် လဲလျောင်း​၍​အိပ်ပျော်​ရ​သော​အခွင့်​၊ နိုး​ရ​သော​အခွင့်​ကို​ရ​၏​။


အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။


အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တည်းဟူသော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​နှင့် အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​၏​အကြံအစည်​များ​သည် များပြား​လှ​ပါ​၏​။ ကိုယ်တော်​နှင့်​နှိုင်းယှဉ်​ရ​မည့်​သူ​မ​ရှိ​ပါ​။ ထို​အမှု​တို့​ကို အကျွန်ုပ်​ထုတ်ဖော်​၍​ပြောဆို​သောအခါ ရေတွက်​မကုန်​နိုင်​အောင် များပြား​လှ​ပါ​၏​။


ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​ကို နှစ်သက်​တော်​မ​မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​နား​ကို​ဖွင့်​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မီးရှို့ရာယဇ်​နှင့်​အပြစ်ဖြေရာယဇ်​ကို တောင်း​တော်​မ​မူ​ပါ​။


ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။


ထိုအခါ မြေမှုန့်​ထဲ၌ အိပ်ပျော်​သော​သူ​အမြောက်အမြား​နိုးလာ​၍ အချို့​တို့​သည် ထာဝရ​အသက်ရှင်​ရ​လိမ့်မည်​။ အချို့​တို့​သည် ကဲ့ရဲ့​ခြင်း​၊ ရွံရှာ​ခြင်း ထာဝရ​ခံရ​လိမ့်မည်​။


ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်စေ၊ အိပ်ပျော်​နေ​သည်​ဖြစ်စေ ကိုယ်တော်​နှင့်​အတူ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​၏။