ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
ဆာလံ 139:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုပို့ဆောင်လျက်၊ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဆွဲကိုင်လျက်ရှိပါလိမ့်မည်။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုရှေ့ဆောင် လမ်းပြတော်မူရန်ထိုအရပ်တွင်ရှိနေတော် မူမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကူမတော် မူရန် ထိုအရပ်တွင်ရှိနေတော်မူမည်။ Garrad Bible ညာ လက် တော် ဖြင့် ကိုင် ဆွဲ တော် မူ လိမ့် မည်။ Judson Bible ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကိုပို့ဆောင်လျက်၊ လက်ယာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။ |
ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဖက်တွယ်ထားပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုထောက်မတော်မူ၏။
သို့သော် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်မပြတ်ရှိခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်ယာလက်ကို ကိုင်ထားတော်မူ၏။
သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၏လက်ယာလက်ကိုကိုင်လျက် သင့်အား “မကြောက်နှင့်။ သင့်ကိုငါကူညီမစမည်”ဟု မြွက်ဆိုသောသူဖြစ်၏။
ကရမေလတောင်ထိပ်တွင် ပုန်းရှောင်နေလျှင် သူတို့ကို ရှာပြီး ထိုအရပ်မှ ငါဖမ်းခေါ်လာမည်။ ငါမမြင်အောင် ပင်လယ်ကြမ်းပြင်တွင် ပုန်းနေလျှင် ထိုနေရာ၌ပင် မြွေနဂါးကို အမိန့်ပေး၍ သူတို့အား ကိုက်စေမည်။