လူမျိုးတကာတို့သည် ထာဝရဘုရား၏နာမတော်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။
ဆာလံ 138:4 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါလိမ့်မည်။ Common Language Bible အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ မြေ ကြီး ရှင် ဘု ရင် အ ပေါင်း တို့ သည်၊ နှုတ် တော် ထွက် ဗျာ ဒိတ် တော် များ ကို ကြား ရ သည် ဖြစ် ၍၊ Judson Bible အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်းတို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ |
လူမျိုးတကာတို့သည် ထာဝရဘုရား၏နာမတော်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သောသူတို့အား ကိုယ်တော်၏လမ်းတို့ကိုသင်ကြားပေးပါမည်။ အပြစ်သားတို့သည်လည်း ကိုယ်တော်ထံ ပြန်လာကြပါလိမ့်မည်။
အို ဘုရားရှင်၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။ လူတို့အလယ်တွင် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
လူမျိုးတကာတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြလိမ့်မည်။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည်လည်း မိမိတို့၏ဘုန်းအသရေကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။