သင်၏ကလေးသူငယ်တို့ကိုဆွဲကိုင်၍ ကျောက်ပေါ်မှာပစ်ပေါက်သောသူသည် မင်္ဂလာရှိ၏။
သင့် သူ ငယ် များ ကို ကိုင် လျက်၊ ကျောက် ပေါ် မှာ ဆောင့် သတ် သူ သည် မင်္ဂ လာ ရှိ ပါ စေ သော။
သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာဆောင့်သောသူသည် မင်္ဂလာရှိ၏။
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။
သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
ရှာလမန်မင်းကြီးသည် ဗေသာဗေလမြို့ကို တိုက်ခိုက်ဖျက်ဆီးစဉ်က မိခင်နှင့် သားသမီးများကိုင်ပေါက်ခံရသကဲ့သို့ သင်၏လူမျိုးတို့တွင် အုတ်အုတ်ကျက်ကျက်အသံများ ထွက်ပေါ်လာလိမ့်မည်။ သင်၏ခံတပ်မြို့များသည်လည်း ဖျက်ဆီးခြင်းခံရမည်။
ရှမာရိသည် မိမိ၏ဘုရားသခင်ကို ပုန်ကန်သောကြောင့် အပြစ်သင့်လေပြီ။ သူတို့သည် ဓားဘေးဖြင့် ကျဆုံးလိမ့်မည်။ သူတို့၏ကလေးသူငယ်တို့သည် ကိုင်ပေါက်ခံရလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းသည်လည်း ခွဲဖောက်ခံရလိမ့်မည်။
သို့သော်လည်း သူသည် သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားခြင်းခံရ၍ ကလေးသူငယ်များသည် လမ်းဆုံလမ်းခွတိုင်း၌ ကိုင်ယူပေါက်သတ်ခြင်းခံရလေပြီ။ သူ၏လူကြီးလူကောင်းများသည် မဲချခွဲဝေခြင်းခံရပြီး မင်းအရာရှိအားလုံးလည်း သံကြိုးဖြင့်ချည်နှောင်ခြင်းခံရကြလေပြီ။