အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 136:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​တို့​နိမ့်ကျ​လျက်​ရှိ​စဉ် ကိုယ်တော်​သည် ငါ​တို့​ကို​အောက်မေ့​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ ယုတ် နိမ့် လျက် နေ သော ငါ တို့ ကို သ တိ ရ တော် မူ ထ သော၊

အခန်းကိုကြည့်ပါ။

Judson Bible

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နှိမ့်​ချ​လျက်​နေ​သော ငါ​တို့​ကို အောက်​မေ့​တော်​မူ​ထ​သော၊

အခန်းကိုကြည့်ပါ။



ဆာ​လံ 136:23
13 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် နောဧ​မှစ၍ သူ​နှင့်အတူ​သင်္ဘော​ထဲ၌​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် မြေကြီး​ပေါ်မှာ​လေ​တိုက်​စေ​တော်မူ​သဖြင့် ရေ​သည် လျော့ကျ​သွား​လေ​၏​။


ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။


ကိုယ်တော်​သည် ဆင်းရဲ​သော​သူ​ကို မြေမှုန့်​ထဲမှ​ထ​စေ​၍ နွမ်းပါး​သော​သူ​ကို ပြာပုံ​ထဲမှ​ချီးမြှောက်​ကာ


ထာဝရဘုရား​သည် အသိဉာဏ်​နည်းပါး​သော​သူ​တို့​ကို စောင့်ရှောက်​တော်မူ​၏​။ ငါ​သည် အခြေအနေ​နိမ့်ပါး​လျက်​ရှိ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ကယ်တင်​တော်မူ​၏​။


အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် အခြေအနေ​အလွန်​နိမ့်ပါး​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ထံမှ ကယ်နုတ်​တော်မူ​ပါ​။ အကြောင်းမူကား ထို​သူ​တို့​သည် အကျွန်ုပ်​ထက် အင်အားကြီးမား​ကြ​ပါ​၏​။


သူ​တို့​ခံရ​သမျှ​သော​ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​လည်း ခံ​တော်မူ​ခဲ့​၏​။ မျက်မှောက်​တော်​ရှိ ကောင်းကင်တမန်​သည် သူ​တို့​ကို ကယ်တင်​ခဲ့​၏​။ ကိုယ်တော်​သည် မေတ္တာ​ကရုဏာ​တော်​ဖြင့် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​၏​။ ရှေး​ကာလ​ပတ်လုံး သူ​တို့​ကို​ချီ​ဆောင်​တော်မူ​ခဲ့​၏​။


အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​၏​သိမ်ငယ်​သော​အဖြစ်​ကို ဂရုစိုက်​တော်မူ​ပြီ။ ယခု​မှစ၍ နောင်လာနောက်သား​အပေါင်း​တို့​သည် ငါ့​ကို​မင်္ဂလာရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်မည်။


ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​တို့ ခွန်အား​ကုန်ခန်း​၍ အချုပ်အနှောင်​ခံရ​သော​သူ​နှင့် လွတ်လပ်​သော​သူ​ပါ တစ်ယောက်​မျှ​မ​ကျန်​တော့​သည်​ကို မြင်​သောအခါ မိမိ​လူမျိုး​တော်​အတွက် တရားစီရင်​တော်မူ​မည်​။ မိမိ​အစေအပါး​တို့​ကို သနား​တော်မူ​မည်​။