ဟာလေလုယ။ ထာဝရဘုရား၏အစေအပါးတို့၊ ချီးမွမ်းကြလော့။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။
ဆာလံ 135:20 - မြန်မာ့စံမီသမ္မာကျမ်း အို လေဝိ၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ Common Language Bible လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ Garrad Bible အို လေ ဝိ အ နွယ် သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ Judson Bible အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ |
ဟာလေလုယ။ ထာဝရဘုရား၏အစေအပါးတို့၊ ချီးမွမ်းကြလော့။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။
အို အစ္စရေးလူမျိုးတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုလူမျိုးတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ထိုအခါ ပေါလုသည်ထ၍ လက်ရိပ်ပြလျက် “အစ္စရေးအမျိုးသားတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူတို့၊ နားထောင်ကြပါ။