ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
ဆာလံ 129:2 - မြန်မာ့စံမီသမ္မာကျမ်း ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကိုများစွာညှဉ်းပန်းနှိပ်စက်ကြ၏။ သို့သော် ငါ့ကိုအနိုင်မရကြ။ Common Language Bible ``ငယ်စဉ်အခါမှအစပြု၍ငါ့အားရန်သူတို့သည် ရက်စက်စွာညှဉ်းဆဲခဲ့ကြလေပြီ။ သို့ရာတွင်သူတို့သည်ငါ့အပေါ်တွင် အနိုင်မရခဲ့ကြ။ Garrad Bible ငယ် ရွယ် စဉ် က ကြိမ် ဖန် များ စွာ ငါ့ ကို ညှဉ်း ပန်း ကြ သော် လည်း၊ မ နိုင် ကြ။ Judson Bible ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကိုမနိုင်ကြ။ |
ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
သင်သည် ငါ့ကိုလဲစေရန် ကြမ်းတမ်းစွာတွန်းချသော်လည်း ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူ၏။
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
သမင်ဒရယ်သည် ရေစီးသောချောင်းတို့ကိုတောင့်တသကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏ဘုရား။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။