အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 123:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျွန်​တော်​မျိုး​တို့​သည်​လွန်​မင်း​စွာ​မ​ထီ​မဲ့​မြင် ပြု​ခြင်း​ကို​ခံ​ကြ​ရ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​တို့​အား​သ​နား​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​သ​နား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ထာ ဝ ရ ဘု ရား၊ မ ထီ လေး စား အ ပြု ခံ ရ သည် မှာ၊ ညီး ငွေ့ ကြ သ ဖြင့် က ရု ဏာ သက် ၍ သ နား တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​လွန်​အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​ပါ​သည်​ဖြစ်၍၊ ကယ်​မ​သ​နား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 123:3
17 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မြို့​တွင်း​သို့ ထာဝရဘုရား​၏​သေတ္တာ​တော် ဝင်ရောက်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​ရာ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် က​ခုန်​လျက်​လိုက်ပါ​လာ​သည်​ကို မြင်​လျှင် သူ့​စိတ်​ထဲတွင် ဒါဝိဒ်​မင်းကြီး​ကို မထီလေးစားပြု​မိ​လေ​၏​။


သူ​တို့​က ဟေရှာယ​အား “​ဟေဇကိ​မင်းကြီး​က ‘ယနေ့​သည် ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​၊ ဆုံးမ​ခြင်း​ခံရ​သော​နေ့​၊ အရှက်ကွဲ​ရ​သော​နေ့ ဖြစ်​၏​။ သားဖွားချိန်​ရောက်​သော်လည်း သားဖွား​ရန်​ခွန်အား​မ​ရှိ​။


ငါ့​အိမ်​တွင် တည်းခိုနေထိုင်​သော​သူ​များ​၊ ငါ့​ကျွန်မ​များ​လည်း ငါ့​ကို သူစိမ်း​ကဲ့သို့ သဘောထား​ကြ​၏​။ သူ​တို့​အမြင်​တွင် ငါ​သည် တစ်ပါးအမျိုးသား​ဖြစ်​ရ​၏​။


အကျွန်ုပ်​ကို​ဖြောင့်မတ်​စေ​တော်မူ​သော ဘုရားသခင်​၊ အကျွန်ုပ်​ခေါ်​သောအခါ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​ပေး​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို​သနား​၍ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။


အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။ ပျက်စီး​ခြင်း​ဘေး​များ​ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ခိုလှုံ​ပါ​မည်​။


သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။


ရိုက်​လို​သော​သူ​အား ပါး​ကို​လှည့်ပေး​၍ ကဲ့ရဲ့ပြစ်တင်​သမျှ​ကို​ခံ​ပါစေ​။


ဘုရားရှင်​ထာဝရဘုရား​က ‘လူမျိုးတကာ​တို့​ရှုတ်ချ​သော​စကား​ကို သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။ လူ​တို့​၏​ကဲ့ရဲ့​ခြင်း​ကို သင်​ခံရ​တော့​မည်​မ​ဟုတ်​။ နောက်တစ်ဖန် သင့်​လူမျိုး​ကို သင်​လဲပြို​စေ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ တောင်တန်း​တောင်ကုန်း​များ​၊ မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ဘုရားရှင်​ထာဝရဘုရား​က ‘​အခြား​တိုင်းပြည်​တို့​သည် သင်​တို့​ကို အသရေဖျက်​သောကြောင့် စိတ်အားကြီး​စွာ​၊ အမျက်​ပြင်း​စွာ​ဖြင့် ငါ​မြွက်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။


ငွေ​ကို​တပ်မက်​သော​ဖာရိရှဲ​တို့​သည် ဤ​အရာ​အားလုံး​ကို​ကြား​လျှင် ကိုယ်တော်​ကို​ပြက်ရယ်ပြု​ကြ​၏။


လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။