ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ဆာလံ 122:5 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုအရပ်၌ တရားစီရင်ရာပလ္လင်များတည်းဟူသော ဒါဝိဒ်အမျိုးအနွယ်၏ပလ္လင်များရှိ၏။ Common Language Bible ဤမြို့သည်ဣသရေလဘုရင်တို့နန်းစိုက်၍ ပြည်သူတို့အားတရားစီရင်ရာဌာနဖြစ်၏။ Garrad Bible ထို မြို့၌ တ ရား ပ လ္လင်၊ ဒါ ဝိဒ် မင်း မျိုး၏ ရာ ဇ ပ လ္လင် များ တည် ထား လျက် ရှိ နေ၏။ Judson Bible ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့သည် တည်ကြ၏။ |
ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
တရားစီရင်ရာ တရားပလ္လင်ခန်းမဆောင်ကိုလည်း တည်ဆောက်၏။ ထိုတရားစီရင်ရာခန်းမဆောင်သည် ကြမ်းခင်းမှဒိုင်းအထိ သစ်ကတိုးသားများဖြင့် ပြီးလေ၏။
ရောဗောင်မင်းကြီးသည် မာခါ၏သားတော်အဘိယကို မင်းမြှောက်ရန် အကြံအစည်ရှိသဖြင့် မင်းညီမင်းသားများထဲတွင် သူ့ကို ခေါင်းဆောင်အဖြစ် ခန့်ထား၏။
ဂျေရုဆလင်မြို့တွင်လည်း ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်နှင့်ဆိုင်သောအမှု၊ အငြင်းပွားမှုတို့ကို စီရင်ရန် ယောရှဖတ်မင်းကြီးသည် လေဝိအမျိုး၊ ယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ထဲမှအချို့ကို ဂျေရုဆလင်မြို့တွင် ခန့်ထား၏။
မိမိနိုင်ငံ၏ရာဇပလ္လင်ပေါ်၌စံမြန်းရသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်တို့၏ရှေ့မှောက်တွင် ဤပညတ်တရားကို ကျမ်းစာလိပ်၌ကူးရေးရမည်။
သင့်မြို့အတွင်း၌ဖြစ်ပွားသည့် စီရင်ဆုံးဖြတ်ရမည့်အမှုများဖြစ်သော လူသတ်မှု၊ တရားတွေ့မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုစသည်တို့ကို စီရင်ဆုံးဖြတ်ရန် ခက်ခဲလျှင် သင်သည်ထ၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။