ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။
ဆာလံ 12:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က “ငါတို့သည် ငါတို့၏စကားဖြင့်အောင်နိုင်မည်။ ငါတို့နှုတ်ကို ငါတို့ပိုင်၏။ ငါတို့၏သခင်ကား အဘယ်သူဖြစ်မည်နည်း”ဟု ပြောဆိုတတ်ကြပါ၏။ Common Language Bible ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။ |
ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။
ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍ နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာကိုတိုးပွားစေ၏။ ဖောက်ပြန်လွဲမှားသောလျှာမူကား အဖြတ်ခံရလိမ့်မည်။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ယခုမျိုးဆက်တို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင်ခြင်ကြလော့။ ငါသည် အစ္စရေးလူမျိုးအဖို့ တောကန္တာရကဲ့သို့ ဖြစ်ဖူးသလော။ အမှောင်ထုလွှမ်းသောပြည်ကဲ့သို့ ဖြစ်ဖူးသလော။ ငါ၏လူမျိုးတော်က ‘ငါတို့သည် လွတ်လပ်သောသူဖြစ်၏။ ကိုယ်တော်ထံ ပြန်မလာတော့ပါ’ဟု အဘယ်ကြောင့်ဆိုကြသနည်း။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။