အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာတော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။
ကိုယ်တော်ရှင်ကတိရှိတော်မူသည်အတိုင်း ကွန်တော်မျိုးအားသနားတော်မူပါရန် စိတ်ရောကိုယ်ပါတောင်းလှောက်ပါ၏။
စိတ် နှ လုံး အ ကြွင်း မဲ့ အ ကျွန်ုပ် တောင်း လျှောက် ခဲ့ ပြီး ဖြစ်၍၊ ဗျာ ဒိတ် တော် အ တိုင်း သ နား တော် မူ ပါ။
ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
အို ထာဝရဘုရား၊ ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ခေါ်ပါ၏။ အကျွန်ုပ်ကို ထူးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါမည်။
အကျွန်ုပ်၏အသနားခံချက်သည် ရှေ့တော်သို့ ရောက်ပါစေသော။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာနှင့်ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ထံ ရောက်လာပါစေသော။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏အစေအပါးအပေါ် ကောင်းမြတ်တော်မူပြီ။
ကိုယ်တော်၏အစေအပါးအပေါ်ထားရှိသော ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာသည် အကျွန်ုပ်ကို နှစ်သိမ့်ပေးပါစေသော။
အကျွန်ုပ်သည် ကိုယ်တော်၏သန့်ရှင်းသော ဗိမာန်တော်သို့မျက်နှာမူ၍ ရှိခိုးကိုးကွယ်ပါမည်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်သမ္မာတရားအတွက် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် နာမတော်နှင့်ကတိတော်တို့ကို အရာခပ်သိမ်းတို့ထက် ချီးမြှောက်တော်မူပြီ။
အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ဘုရားသခင်အားဖြင့် နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။ ထာဝရဘုရားအားဖြင့် နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။
ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။ ငါသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသည်ဖြစ်၍ ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။