ဆာလံ 56:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဘုရားသခင်အားဖြင့် နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။ ထာဝရဘုရားအားဖြင့် နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။ အခန်းကိုကြည့်ပါ။Common Language Bible10 ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ထာ ဝ ရ ဘု ရား ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ အခန်းကိုကြည့်ပါ။Judson Bible10 ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ထာဝရဘုရားကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။