ကိုယ်တော်သည် တစ်သမတ်တည်းစောင့်ထိန်းရမည့် မိမိ၏ဥပဒေသတို့ကို ချမှတ်ထားတော်မူ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်မိမိ၏ပညတ်တော်တို့ကို ကွန်တော်မျိုးတို့အားပေးအပ်တော်မူလက် ယင်းတို့ကိုတစ်သဝေမတိမ်းလိုက်နာကြ ရန် မှာကြားတော်မူပါပြီ။
အ ကျွန်ုပ် တို့ သည် စောင့် ရှောက် မြဲ စောင့် ရှောက် ကြ စေ ရန်၊ ဥ ပ ဒေ သ တော် များ ကို ထုတ် ဆင့် တော် မူ ပါ ၏။
အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။
ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘဏ္ဍာစိုးအပေါင်းတို့အား ငါအာတဇေရဇ်မင်းကြီး အမိန့်တော်ထုတ်ပြန်လိုက်သည်ကား သင်တို့အား ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရ တောင်းဆိုလာသောအရာရှိသမျှကို ချက်ချင်းဖြည့်ဆည်းပေးရမည်။
မောရှေနှင့်အာရုန်သည် သူတို့အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း တစ်သဝေမတိမ်းပြုကြ၏။
သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်ကြလော့။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းကြလော့။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်များကို စောင့်ထိန်းကြလိမ့်မည်။
ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုလော့။ ယနေ့ သင်တို့အား ငါဆင့်ဆိုသည့် ပညတ်တော်တို့ကို သေချာစွာနားထောင်လော့။
သင်တို့အားငါဆင့်ဆိုသော ဤပညတ်တော်ရှိသမျှတို့ကို ကြိုးစား၍လိုက်နာစောင့်ထိန်းရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ လမ်းတော်ရှိသမျှတို့ကို လိုက်လျှောက်ရမည်။ ကိုယ်တော်ကို ဆည်းကပ်ရမည်။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့် ပညတ်ချက်၊ သက်သေခံချက်၊ ပြဋ္ဌာန်းချက် တို့ကို ကြိုးစားစောင့်ထိန်းရမည်။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။
အားယူ၍ရဲရင့်ခြင်းရှိလော့။ သင်ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း သင့်အား ငါ့အစေအပါးမောရှေ မှာထားခဲ့သောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းလော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။
ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။