ဣဇက်သည် ညချမ်းအချိန်၌ ကွင်းပြင်သို့ လမ်းလျှောက်ထွက်သွား၍ မျှော်ကြည့်လိုက်ရာ ကုလားအုတ်များလာနေသည်ကိုမြင်လေ၏။
ဆာလံ 119:15 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ဥပဒေသတို့ကို ဆင်ခြင်အောက်မေ့လျက် ကိုယ်တော်၏လမ်းစဉ်တို့ကို ကြည့်ရှုဆင်ခြင်ပါမည်။ Common Language Bible ကိုယ်တော်ရှင်၏ဥပဒေသတော်တို့ကို ဆင်ခြင်လက် နည်းလမ်းတော်တို့ကိုအစဉ်အာရုံစိုက်ပါ၏။ Garrad Bible ဥ ပ ဒေ သ တော် များ ကို ဆင် ခြင် လျက်၊ နည်း လမ်း တော် များ ကို ထောက် ထား ပါ မည်။ Judson Bible ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ |
ဣဇက်သည် ညချမ်းအချိန်၌ ကွင်းပြင်သို့ လမ်းလျှောက်ထွက်သွား၍ မျှော်ကြည့်လိုက်ရာ ကုလားအုတ်များလာနေသည်ကိုမြင်လေ၏။
ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်ကယ်တင်ခြင်းခံရရန် အကျွန်ုပ်ကိုဖေးမတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အစဉ်မပြတ် အရေးတယူပြုပါမည်။
အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို တောင့်တအားကြီးသဖြင့် ပါးစပ်ဟလျက် မောဟိုက်နေပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ကတိတော်ကို ဆင်ခြင်အောက်မေ့ရန် ညဥ့်ယံတို့၌ နိုးလျက်နေပါ၏။
အကြီးအကဲတို့သည် ထိုင်၍ အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြသော်လည်း ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့လျက်နေပါမည်။
အကျွန်ုပ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်တို့အတွက် အကျွန်ုပ်၏လက်ကိုမြှောက်၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
မာနထောင်လွှားသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုတလွဲစီရင်ကြသည်ဖြစ်၍ အရှက်ကွဲကြရပါစေသော။ အကျွန်ုပ်မူကား ကိုယ်တော်၏ဥပဒေသတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။
သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။