အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
ဆာလံ 119:119 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။ Common Language Bible ကိုယ်တော်ရှင်၏ရှေ့တော်တွင် သူယုတ်မာအပေါင်းတို့သည်အမှိုက်သရိုက် ကဲ့သို့ ဖြစ်ပါ၏။ သို့ဖြစ်၍ကွန်တော်မျိုးသည်ကိုယ်တော်ရှင် ပေးတော်မူသောဆုံးမသွန်သင်ခက်တို့ကို နှစ်သက်မြတ်နိုးပါ၏။ Garrad Bible မြေ ကြီး ပေါ် ရှိ လူ ဆိုး အ ပေါင်း တို့ ကို ချော် ကဲ့ သို့ စွန့် ပစ် တော် မူ သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို အ ကျွန်ုပ် နှစ် သက် ပါ ၏။ Judson Bible မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။ |
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။
ထိုသူတို့ကို ထာဝရဘုရားပယ်တော်မူပြီဖြစ်၍ သူတို့သည် ပယ်ထားသောငွေဟူ၍ အခေါ်ခံရမည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။