ထာဝရဘုရားကိုခိုလှုံခြင်းသည် မင်းအရာရှိတို့ကိုကိုးစားခြင်းထက် ပို၍ကောင်း၏။
လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက် ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
မင်း ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။
ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ကောင်း၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
“အဆီးရီးယားသည် လူ့ဓားမဟုတ်သောဓားဖြင့် ကျဆုံးလိမ့်မည်။ လူ့ဓားမဟုတ်သောဓားသည် သူ့ကိုဝါးမျိုမည်။ သူသည် ဓားဘေးမှထွက်ပြေးရမည်။ သူ၏လူပျိုတို့သည် အခိုင်းအစေဖြစ်ကြရမည်။
သူတို့က သင့်ကိုကိုင်ဆွဲလိုက်သောအခါ သင်ကျိုးသွားသဖြင့် သူတို့၏ပခုံးများလည်း အနာရသွား၏။ သင့်ကိုမှီလိုက်သောအခါ သင်ကျိုးသွားသဖြင့် သူတို့၏ခါးလည်း ယိမ်းယိုင်သွားရ၏’ဟု မိန့်တော်မူ၏။
သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။