ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
“စင်စစ် ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ အစ္စရေးလူမျိုးကို ထာဝရမေတ္တာနှင့် ချစ်တော်မူ၏”ဟု ထာဝရဘုရား၏ကျေးဇူးတော်ကို သီဆိုချီးမွမ်းကြ၏။ ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ကို ချပြီးဖြစ်၍ လူအပေါင်းတို့သည် ထာဝရဘုရားထံ ကြီးစွာသောအသံဖြင့် ကြွေးကြော်ချီးမွမ်းကြလေ၏။
သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌ ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ဝန်ခံကြပါစေ။
ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။