ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
ဆာလံ 118:21 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်ကိုကယ်တင်သောအရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။ Garrad Bible ထူး တော် မူ၍၊ အ ကျွန်ုပ်၏ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် သော၊ ကိုယ် တော်၏ ကျေး ဇူး တော် ကို ချီး မွမ် ပါ မည်။ Judson Bible ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏စကားကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။ |
ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
ထာဝရဘုရားသည် ငါ၏ခွန်အားနှင့်တေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထာဝရဘုရားက “နှစ်သက်လက်ခံဖွယ်အချိန်၌ သင့်ကိုငါထူးပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုငါကူညီမစပြီ။ သင်သည် ပြည်တော်ကို ပြန်လည်ထူထောင်ရန်၊ လူသူကင်းမဲ့သောအမွေပြည်ကို အမွေဆက်ခံရန် ငါသည် သင့်ကို ကာကွယ်စောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်ဖြစ်စေမည်။