ကိုယ်တော်သည် သူတို့ကို အကြိမ်ပေါင်းများစွာ ကယ်နုတ်ခဲ့သော်လည်း သူတို့သည် မိမိတို့အကြံဉာဏ်အားဖြင့် ပုန်ကန်ပြီး မိမိတို့ဒုစရိုက်အားဖြင့် ယိုယွင်းနိမ့်ကျသွားကြ၏။
ဆာလံ 116:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အသိဉာဏ်နည်းပါးသောသူတို့ကို စောင့်ရှောက်တော်မူ၏။ ငါသည် အခြေအနေနိမ့်ပါးလျက်ရှိသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်တင်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။ Garrad Bible ရိုး သား သူ တို့ ကို ထိန်း သိမ်း တော် မူ သည့် အ လျောက်၊ ဆင်း ရဲ ခံ ရ သူ ငါ့ ကို ကယ် တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ရိုးသားသူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။ |
ကိုယ်တော်သည် သူတို့ကို အကြိမ်ပေါင်းများစွာ ကယ်နုတ်ခဲ့သော်လည်း သူတို့သည် မိမိတို့အကြံဉာဏ်အားဖြင့် ပုန်ကန်ပြီး မိမိတို့ဒုစရိုက်အားဖြင့် ယိုယွင်းနိမ့်ကျသွားကြ၏။
အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အခြေအနေအလွန်နိမ့်ပါးလျက်ရှိပါ၏။ အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့ထံမှ ကယ်နုတ်တော်မူပါ။ အကြောင်းမူကား ထိုသူတို့သည် အကျွန်ုပ်ထက် အင်အားကြီးမားကြပါ၏။
ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
ယခင်ကဒုစရိုက်များကို အကျွန်ုပ်တို့အပေါ်မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အခြေအနေ အလွန်နိမ့်ပါးလျက်ရှိသည်ဖြစ်၍ ကိုယ်တော်၏သနားစုံမက်ခြင်းသည် အကျွန်ုပ်တို့ကိုကြိုဆိုရန် အလျင်အမြန်ရောက်လာပါစေသော။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
ထိုအချိန်တွင် ယေရှုက“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့်ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုကွယ်ဝှက်ထားလျက် ကလေးသူငယ်များကို ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။
သင်တို့၏နာခံမှုသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ရာတွင် သင်တို့သည် ကောင်းသောအမှု၌ ပညာရှိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းစင်သောသူဖြစ်ကြရန် ငါအလိုရှိ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။