ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ် ဟုခေါ်၏။
ဆာလံ 108:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ “ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။ Common Language Bible ဗိမာန်တော်တွင်ဘုရားသခင်က ``ငါသည်အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်း ခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုလည်းငါ၏လူစုတော် အား ခွဲဝေပေးမည်။ Garrad Bible သန့် ရှင်း ရာ ဌာ န တော် မှ၊ ဘု ရား သ ခင် မိန့် ဆို တော် မူ သည် မှာ၊ ငါ သည် မာန် ဟုန် သွင်း လျက်၊ ရှေ ခင် မြို့ ကို ဝေ ဖန် ခြင်း၊ သု ကုပ် ချိုင့် ကို တိုင်း တာ ခြင်း ပြု မည်။ Judson Bible သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကိုတိုင်းထွာမည်။ |
ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ် ဟုခေါ်၏။
ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။
မနာရှေ၏နယ်နိမိတ်မှာ အာရှာမြို့မှ ရှေခင်မြို့အရှေ့ဘက်ရှိ မိတ်မေသမြို့အထိ ဖြစ်၏။ ထိုနယ်နိမိတ်သည် တောင်ဘက်အင်တာပွာမြို့သို့ ရောက်၏။
ထို့ကြောင့် သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်ဒေသရှိ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့၊ ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့တို့ကို ရွေးချယ်၏။
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။